달마야 놀자

달마야 놀자

11 Views
ဒီတစ်ခါမှာတော့ “Hi! Dharma”ဆိုတဲ့ ကိုရီးယားကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျယ်ဂူနဲ့ သူ့ရဲ့လူတွေဟာ ဂန်းစတားတွေဖြစ်ပြီး ကိစ္စတစ်ခုကြောင့် ရဲတွေလက်ထဲမဖမ်းမိစေရန် ရှောင်ရှားနေဖို့ဖြစ်လာပါတယ်။အဲ့ဒီလိုဖြစ်ပြီးနောက် သူတို့အဖွဲ့ဟာ ဘုန်းကြီးကျောင်းတစ်ခုမှာပုန်းရှောင်နေဖို့ဖြစ်လာပါတော့တယ်။သူတို့ပုန်းရှောင်မဲ့ဘုန်းကြီးကျောင်းမှာကတော့ ဆရာတော်တွေဟာ စည်းစနစ်ကျကျ အေးချမ်းချမ်းနဲ့သီတင်းသုံးနေခဲ့ပါတယ်။ကျောင်းမှာ ဂျယ်ဂူတို့အဖွဲ့ကို တစ်ပတ်နေခွင့်ပေးပြီးနောက်မှာ သူတို့ဟာသူတို့ရဲ့နေရာကိုပြန်လည်ရောက်ရှိဖို့ အခွင့်အရေးမပေးသေးတဲ့အတွက်ဘုန်းကြီးကျောင်းမှာပဲ ဆက်လက်နေထိုင်ဖို့ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဆရာတော်တွေဟာ သူတို့အဖွဲ့ကိုဆက်လက်နေထိုင်ခွင့်မပေးလိုတော့တဲ့အခါမှာဆရာတော်တွေနဲ့ သူတို့အဖွဲ့ကြားမှာ ယှဉ်ပြိုင်ပွဲတွေကျင်းပဖို့ဖြစ်လာပြီးတဲ့နောက်မှာတော့ ဘယ်အဖွဲ့ကများ အနိုင်ရရှိသွားမလဲ၊ အဖွဲ့ခေါင်းဆောင်ဂျယ်ဂူဟာလည်း သစ္စာဖောက်တစ်ယောက်ကိုသိရှိသွားပြီးနောက်မှာ အဖွဲ့အန္တရာယ်ကင်းအောင်ဘယ်လိုတွေများ ဆောင်ရွက်သွားမလဲ၊ ဆရာတော်တွေနဲ့ရော သင့်မြတ်သွားကြမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။

Runtime: 95 minutes

Quality: HD

Released: Nov 09, 2001

IMDb: 4.6

Keywords: