तड़प

ဒီတစ်ခေါက်မှာတော့အိန္ဒိယအချစ်ဇာတ်ကားလေးတစ်ကားကိုရွေးချယ်ထားပါတယ် ဇာတ်လမ်းအကြောင်းအရာလေးကတော့အီရှာနာဟာသူ့ရဲ့မွေးစားအဖေနဲ့အတူရုပ်ရှင်ရုံလေးဖွင့်ပြီး နယ်မြို့လေးမှာအေးအေးဆေးဆေးနေနေတဲ့သူဖြစ်ပါတယ် သူ့ရဲ့မွေးစားအဖေနဲ့အရမ်းခင်ရတဲ့နိုင်ငံရေးသမားဒါမိုဒါနော်တီရယ်ဆို သူကိုရွေးကောက်ပွဲမှာမဲအရေအတွက်များများနဲ့အနိုင်ရအောင်ကူညီပေးနေသူလည်းဖြစ်ပါတယ်တစ်နေ့မှာတော့ဒါမိုဒါနော်တီရယ်ရဲ့သမီဖြစ်သူရာမီဆာဟာလန်ဒန်ကနေမူဆိုရီမြို့လေးကိုအားလပ်ရက်ခဏပြန်လာခဲ့ပါတယ် အဲ့ဒီအချိန်လေးမှာပဲအီရှာနာနဲ့ရာမီဆာတို့လူငယ်နှစ်ယောက်ဟာချစ်ကြိုက်သွားပါတယ် သူတို့ရဲ့ဆက်ဆံရေးကိုရာမီဆာရဲ့အဖေကိုပြောပြမယ်လို့စီစဉ်ထားပေမယ့်သိပ်ပြီးမချမ်းသာတဲ့အီရှာနာကို သားမက်အဖြစ်လက်ခံနိုင်ပါ့မလားဆိုတာမသေချာခဲ့ပါဘူး ရာမီဆာနဲ့အီရှာနာတို့နှစ်ဦးသားရဲ့အချစ်ရေးဟာအဆင်ပြေချောမွေ့နိုင်ပါ့မလား သူ့အဖေဒါမိုဒါကရောအီရှာနာကိုသားမက်အဖြစ်လက်ခံပါ့မလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်

Runtime: 126 minutes

Quality: HD

Released: Dec 03, 2021

IMDb: 4.6