231 Views

Savage Salvation

Robert De Niro နဲ့ John Malkovich တို့လို အကျော်အမော်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။ Action Thriller ကားအနေနဲ့ဆို ဒီကားကကြည့်လို့တော့ ကောင်းပါတယ်။ ပြဿနာက De Niro ဝင်သရုပ်ဆောင်ရမယ့် ကားတော့ ဟုတ်မနေပါဘူး။ မင်းသမီးကတော့ Willa Fitzgerald ဆိုတဲ့ အချောလေးပါပဲ။ သူရဲ့ခပ်လန်းလန်း အခန်းတွေလည်း ပါတာမို့ တော်တော်တန်တဲ့ကားပေါ့။ ဒီမင်းသမီးဟာ Reacher ဇာတ်လမ်းတွဲမှာ ပါဖူးပါတယ်။မင်းသား Jack Huston ကတော့ House of Gucci ထဲမှာ ပါဖူးပါတယ်။ ဇာတ်လမ်းကတော့ နယ်မြို့လေးတစ်မြို့က ရဲအရာရှိဖြစ်တဲ့ ဒီနဲရိုးရဲ့ဇာတ်ကောင်ရယ်၊ ဆေးသမားလင်မယားဖြစ်တဲ့ မင်းသားနဲ့မင်းသမီးရယ်၊ မင်းသမီးရဲ့ခဲအိုဖြစ်တဲ့ John Malkovich တို့ရဲ့ကြားမှာ ဖြစ်နေပျက်နေတဲ့ အကြောင်းအရာတစ်ခုနဲ့တည်ထားတာပါ။ ဘာအကြောင်းအရာလဲတော့ မပြောပြတော့ပါဘူး။ စပွိုင်လာမိမှာ စိုးလို့ပါ။ တခမ်းတနားကားကြီးတော့လည်း မဟုတ်ပေမဲ့အလှည့်အပြောင်းလေးတွေနဲ့ အပျင်းပြေကြည့်ရင် တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်လေးပါပဲ။ မင်းသားကလည်း အသေကြမ်းတာမို့ အက်ရှင်ဖန်တွေ အကြိုက်တွေ့ကြမှာပါ။

Genre:

Stars: , , , , ,

Crew: , , , , ,

Country: United States of America

Language: English

Studio: River Bay Films, Ingenious Media, Lucky 13 Productions, The Avenue Entertainment, Convergence Entertainment, Diamond Film Productions, Highland Film Group, Pimienta, BondIt, SSS Entertainment, Verdi Productions, VVS Films

Runtime: 101 minutes

Quality: HD

Released: Dec 02, 2022

IMDb: 4.654