Matriarch

Matriarch

104 Views
မြို့ပေါ်မှာ တစ်ကိုယ်တည်းနေတဲ့ လော်ရာဆိုတဲ့ အမျိုးသမီးက ဆေးလွန်ပြီးသေတော့မလို ဖြစ်ခဲ့ပေမယ့် ထူးဆန်းတဲ့အရာတစ်ခုရဲ့ကယ်တင်မှု ကြောင့်အသက်ပြန်ရှင်လာခဲ့ပါတယ်။ ဘာမှန်းမသိတဲ့ ရှုပ်ထွေးမှုတွေကို အဖြေရှာမရတဲ့အချိန်မှာ သူ့ကို အနှစ် ၂၀ လုံးစွန့်ပစ်ခဲ့တဲ့ အမေဖြစ်သူဆီက ဆက်သွယ်လာပြီး အိမ်ပြန်လာဖို့ နားချခဲ့တာကြောင့် လော်ရာတစ်ယောက် သူ့ရဲ့ဇာတိရွာလေးကို ပြန်လာတဲ့အချိန်မှာတော့ ထူးဆန်းမှုတွေတစ်ခုပြီး တစ်ခု ကြုံလာရပါတော့တယ်။ ပထမဆုံးကတော့ လူတွေက အသက်မကြီးသွားကြတာပါပဲ။သူ့အမေကတောင် သူနဲ့မတိမ်းမယိမ်း ဖြစ်နေပြီးကျန် တဲ့ရွာထဲကလူတွေ အားလုံးကလည်း သူ ငယ်ငယ်တုန်းက အတိုင်းပဲ အိုမင်းသွားခြင်းမရှိဘဲ နုပျိုနေကြတဲ့ မူမမှန်တဲ့ကိစ္စကြီးနဲ့ စတင်ကြုံတွေ့ရပါ တော့တယ်။ တဖြည်းဖြည်းနဲ့ သူ့ရောဂါအဆန်းကြီး ပြန်ထလာတာကြောင့်ရော ရွာရဲ့ မူမမှန်တာတွေနဲ့ကျောချမ်းစရာအဖြစ်အပျက်တွေကြောင့်ရော မြို့ကို ပြန်ဖို့လုပ်ခဲ့ပေမယ့် သူ့အမေကတော့ ခါးခါးသီးသီးတားမြစ်ပြီးဆက်ဆွဲထားခဲ့တယ် ။ အဲလိုနဲ့ ရွာမှာဆက်နေဖြစ်ရင်း သူ့ရဲ့ အဖြေရှာမရတဲ့ ရောဂါရဲ့အရင်းအမြစ်နဲ့ ဒီရွာရဲ့ထာဝရ နုပျိုနေရခြင်းရဲ့ အော့နှလုံးနာစရာ လျို့ဝှက်ချက်ကြီးကို သိလိုက်ရတဲ့အခါမှာတော့

Runtime: 85 minutes

Quality: HD

Released: Oct 11, 2022

IMDb: 6.014

Keywords: