Maleficent

Maleficent

12796 Views
ဇာတ်လမ်းအစမှ Maleficent ဆိုတဲ့ Faerie (နတ်သမီးလို့ပဲ ဘာသာပြန်ရမယ်ထင်ပါတယ်) တစ်ယောက်က လူငယ်သဘာဝ၊ Stefan ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်ကြပါတယ်။ Maleficent က Faerie တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ တိုင်းပြည်က နတ်သမီးတွေ၊ တန်ခိုးရှင်တွေ နေတဲ့ နေရာဖြစ်ပြီး၊ တစ်ဖက်မှာက သာမန်လူတွေ နေတဲ့ တိုင်းပြည်ရှိပါတယ်။ Stefan က သာမာန် လူသားတစ်ယောက်ဖြစ်တာနဲ့ အညီ သူမှာလည်း ရည်မှန်းချက်တစ်ခုရှိပါတယ်။ Stefan ရဲ့ ရည်မှန်းချက်ကတော့ ဘုရင်ဖြစ်ဖို့ ဖြစ်ပြီး တစ်ရက်မှာ Magical Country (Moor) နဲ့ စစ်ဖြစ်ကြရာက လူတွေဘက်က စစ်ရှုံးသွားခဲ့ပါတယ်။ Maleficent က လူတွေဘက်က ဘုရင်ကို အနိုင်တိုက်ပြီးတဲ့နောက်မှာတော့ အဲ့ဒီမှာ ဘုရင်ကြီးက Maleficent ကို အသေသတ်ပေးရင် သူ့နေရာကို အိမ်ရှေ့မင်းသားအရာပေးမယ်လို့ ကြေငြာလိုက်တော့ Stefan က Maleficent ဆီကို အယောင်ဆောင်သွားပြီး သတ်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် မသတ်ရက်ပဲ သူမရဲ့ အတောင်ပံကိုပဲ ဖြတ်ယူခဲ့ပြီး ဘုရင်ကြီးကို သတ်ပြီးပြီလို့ ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Stefan ကဘုရင်ဖြစ်လာပြီး သူ့သမီးလေးမွေးနေ့ပွဲလုပ်နေရာမှာ Maleficent က ဝင်လာပြီး ကျိန်စာတိုက်ခဲ့ပါတယ်။

Runtime: 97 minutes

Quality: HD

Released: May 28, 2014

IMDb: 3.9