My Southern Family Christmas

My Southern Family Christmas

17 Views
Campbell ဟာ သူအလုပ်လုပ်နေတဲ့ မဂ္ဂဇင်းမှာ ခရစ္စမတ်ကာလအထိမ်းအမှတ် ဆောင်းပါးတွေ ရေးစရာ ဇာတ်လမ်းမကျန်တော့လို့ခေါင်းစားနေသူပါ။ ဒါပေမဲ့ အဲနေ့မှာပဲ Jennifer ဆိုသူ အမျိုးသမီးကသူ့ဆီ သူ့ရဲ့အဖေအရင်းဖြစ်သူနဲ့ လက်ထပ်ထားတဲ့သူပါလို့ပြောထားတဲ့အသံမက်ဆေ့ခ်ျတစ်ခု ပို့လာခဲ့ပါတယ်။ Campbell ကဖုန်းပြန်ခေါပြီးမေးတော့ သူ့အဖေက သူတို့နေတဲ့မြို့လေးရဲ့ Pere Noel ( Santa versionတစ်မျိုး ) အဖြစ်အရွေးခံရကြောင်း၊ မိသားစုအတွက် ဂုဏ်ယူစရာကိစ္စတစ်ခုဖြစ်လို့ လှမ်းအသိပေးတာဖြစ်တဲ့အကြောင်း ပြောလာခဲ့ပါတယ်။အဲမှာပဲ Campbell ဟာ သူတစ်သက်လုံးမသိခဲ့တဲ့ အဖေတူ အမေကွဲ ညီမတွေရှိတာ သိလိုက်ရပါတယ်။အဲဒါနဲ့ Campbell ဟာ အဲမြို့က ခရစ္စမတ်ရိုးရာဓလေ့တွေ၊ သူ့အဖေ PereNoel အရွေးခံရတဲ့ အကြောင်းတွေကို အဲမြို့တွင်းသတင်းစာမှာ ဖတ်ထားတာကို သူ့အယ်ဒီတာကတွေ့သွားပြီး အဲမြို့ရဲ့ ခရစ္စမတ်ထုံးစံတွေကို ဆောင်းပါးရေးဖို့ ပြောပါတော့တယ်။ အဲလိုနဲ့ပဲ Campbell ဟာ သူ့အဖေအိမ်ကိုသွားပြီး ရောက်လို့ သူ့အဖေနဲ့ မျက်နှာချင်းဆိုင်မိခါမှ ဆွံ့အသွားပြီး သူ့သမီးပါဆိုတာ မပြောပြနိုင်လိုက်ပါဘူး။

Runtime: 84 minutes

Quality: HD

Released: Nov 24, 2022

IMDb: 3.912

Keywords: