Honeymoon

Honeymoon

3 Views
ပန်ချာပီအချစ်ဟာသကားလေးပဲဖြစ်ပါတယ်နော်စစ်ပွဲကာလအတွင်း ဗုံးကိုဘာမှန်းမသိဘဲ ပျော်ပြီး အိမ်ယူပြေးမိနေရင်းနဲ့မှ လမ်းမှာတင်ဗုံးပေါက်သေသွားခဲ့ရတဲ့ လူတစ်ယောက်ရဲ့နောင်လာနောက်သားတွေအကြောင်းပေါ့။အူတူတူ အတတ မိသားစုလေး။အဲ့ဒီမိသားစုအတွင်း အနူတောမှာ လူချောဖြစ်နေတဲ့ နည်းနည်းဉာဏ်ရှိတဲ့ကောင်လေးရဲ့နာမည်ကတော့ ဒီပ်ပဲဖြစ်ပါတယ်။အိမ်မှာမီးဖြတ်ခံရလို့ မီတာသွားဆောင်ရင်း မီတာရုံးမှာ စွတ်ခ်ဆိုတဲ့ကောင်မလေးနဲ့ သွားဆုံမိတယ်။ဒီပ်ဟာ စွတ်ခ်ကို မြင်မြင်ချင်းပဲ ကြွေဆင်းမိသွားပါတော့တယ်။အဲ့ဒီမှာပဲ သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘတွေရဲ့ရိုက်ခတ်မှုနဲ့လွဲချော်မှုလေးတွေကို တလွဲဟာသလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်။သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးမှာ အဓိကအလွဲကြီးတစ်ခုဖြစ်တဲ့ဟန်းနီးမွန်းအလွဲကိုတော့ တစ်ဝကြီးခွီရဦးမှာဖြစ်လို့ ဇာတ်ကားကြည့်ရင်းနဲ့ရယ်မောလိုက်ကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Runtime: 131 minutes

Quality: HD

Released: Oct 25, 2022

IMDb: 3.7

Keywords: