몽정기 2

몽정기 2

11 Views
အပျိုဖော်မဝင့်တဝင် အမျိုးသမီးတို့ဓမ္မတာ အစပျိုးလေးတောင် မလာဖူးသေးတဲ့ရွှေရင်သိမ်းသစ်စ မိန်းကလေးတစ်ယောက်ရဲ့ဘဝအတွက်အကြီးမားဆုံးရည်မှန်းချက်၊ စိတ်ကူးယဉ်အိမ်မက်တွေကဘယ်လောက်များခမ်းနားကြီးကျယ်နေနိုင်မလဲ? ဆောင်အွန်းဆိုတဲ့ကောင်မလေးကတော့ မင်္ဂလာဆောင်တစ်ခုမှာသတို့သမီးရဲ့အလှအပ၊မင်္ဂလာဆောင်ရဲ့ခမ်းနားမှု ကြည်နူးဖွယ်တွေကို အားကျနေခဲ့ပြီးတော့ တောက်လျှောက်စိတ်ကူးယဉ်နေမိခဲ့တာပါ။သူဟာ မင်းသားလေးတစ်ပါးကို အိမ်မက်မက်ထားတယ်။ အဲ့ဒီမင်းသားလေးဟာ သူ့ဖူးစာဖက် ဧကန်ဖြစ်ပြီး တစ်နေ့မှာ သူတို့ပျော်ရွှင်စွာပေါင်းဖက်ရမယ်ဆိုတာမျိုးပေါ့။ အဲ့ဒါ သူ့အိမ်မက်အကုန်ပါပဲ။တစ်နေ့တော့ သူစာသင်ခန်းထဲမှာ အိပ်ပျော်နေရင်း မျက်လုံးအဖွင့်မှာ အိမ်မက်ထဲက မင်းသားလေးကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါတော့တယ်။သူ့ရဲ့မင်းသားလေးဟာ သူတို့ကျောင်းရဲ့ အလုပ်သင်ကာယဆရာတစ်ယောက်အဖြစ်ရောက်ရှိလာခဲ့တာပါပဲ။ အဲ့ဒီကစလို့ အိမ်မက်တွေ၊ စိတ်ကူးယဉ်တွေ နဲ့လက်တွေ့ဘဝကို ခွဲခြားနားမလည်တတ်သေးတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ မင်းသားလေးကို ရရှိဖို့ ဘာမဆိုစွန့်လွှတ်စွန့်စားနိုင်တဲ့အထိ အဆင်သင့်ဖြစ်သွားပါတော့တယ်။

Genre:

Stars: , , , , ,

Crew: , , ,

Country: South Korea

Language: 한국어/조선말

Studio: Myung Films, MK Pictures, Lotte Entertainment

Runtime: 101 minutes

Quality: HD

Released: Jan 14, 2005

IMDb: 5.455