Butterfly on a Wheel

Butterfly on a Wheel

498 Views
သူ့နာမည် နေးလ် ရမ်ဒဲတဲ့။ သူ့မှာ ဝင်ငွေကောင်းတဲ့ အလုပ်ကောင်းကောင်းလည်းရှိတယ်။ အိမ်ကောင်းကောင်း ကားကောင်းကောင်းလည်းပိုင်ထားတယ်။ ဇနီးချောလေးအပြင် သမီးချောလေးတစ်ယောက်ပါရှိသေးတယ်။ လူတိုင်းအားကျရတဲ့ ဘဝကိုပိုင်ဆိုင်ထားရှာတဲ့ နေးလ် ပေါ့။ သူ့ဇနီး အက်ဘီကိုလည်း အရမ်းချစ်တတ်သလို အက်ဘီကလည်းသူ့ကိုသိပ်ချစ်တယ်။ ကုမ္ပဏီမှာလည်း အလုပ်လုပ်တာတော်တော့ သူဌေးမျက်နှာသာပေးတာလည်းခံရတယ်။ တစ်နေ့ သူ့ သူဌေးက အိမ်ကိုအလည်ခေါ်လို့ နေးလ်ကခရီးထွက်ဖို့ပြင်ပြီး အက်ဘီကတော့သူ့သူငယ်ချင်းနဲ့လျှောက်လည်မယ်လို့စီစဉ်ထားကြတယ်။ သမီးလေး ဆိုဖီကိုတော့ ကလေးထိန်းနဲ့ထားခဲ့ကြမယ်ပေါ့လေ။ အဲ့လိုနဲ့ သူတို့နှစ်ယောက် ကားမောင်းထွက်လာပြီးမကြာဘူးကားပေါ်မှာခိုးလိုက်လာတဲ့ လူတစ်ယောက်က သူတို့သမီးလေးဆိုဖီကို ပြန်ပေးဆွဲထားတာဖြစ်ကြောင်း \သူခိုင်းတာမှန်သမျှလုပ်ပေးရမယ်ဖြစ်ကြောင်းပြောရင်း ခြိမ်းခြောက်ပါတော့တယ်။ ဇာတ်လမ်းအစကနေအဆုံးထိ tension မကျပဲ ဆွဲခေါ်သွားတာဖြစ်လို့ ကြည့်ရတန်တဲ့ဇာတ်ကားတစ်ခုပါပဲ။

Genre: , ,

Stars: , , , , ,

Crew: , , , , ,

Country: Canada, United Kingdom, United States of America

Language: English

Studio: Icon Productions, Irish Dreamtime, Infinity Features Entertainment, Butterfly Productions, Chum Television, Icon Entertainment International

Runtime: 95 minutes

Quality: HD

Released: Jul 27, 2007

IMDb: 4.6