August: Osage County

August: Osage County

1425 Views
အိုကလာဟိုးမားမှာအရက်စွဲနေတဲ့ခင်ပွန်းဖြစ်သူရယ် ပါးစပ်ကင်ဆာဖြစ်လို့ စိတ်ငြိမ်ဆေးတွေစွဲနေတဲ့ ဇနီးသည်ရယ် လင်မယားနှစ်ယောက် လျှာနဲ့သွားလိုမျိုးအတူတူနေကြတယ်။ တစ်ရက်ကျ ခင်ပွန်းဖြစ်သူပျောက်သွားတဲ့အတွက်သူတို့ရဲ့ သမီးသုံးယောက်ဟာ ငယ်စဉ်တုန်းက နေခဲ့ရတဲ့ အိမ်ကြီးကိုပြန်လာရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဆယ်ကျော်သက်လေး မွေးထားတဲ့သမီးအကြီးရယ်၊ မိခင်ဖြစ်သူနားနေပြီး ယောက်ျားမရသေးလို့ ခဏခဏပွစိပွစိပြောခံရတဲ့ သမီးအလတ်ရယ်၊ ယောက်ျားပေါင်းစုံနဲ့တွဲပြီး အလှအပမက်စိတ်ကူးအသေယဉ်တတ်တဲ့ သမီးအငယ်ဆုံးရယ် ပြန်ဆုံကြပါတော့တယ်။ဒီမှာ အဒေါ်မိသားစုလည်း ပါလာပါတယ်၊ အဒေါ်က ဦးလေးကို ပေါက်ပေါက်ဖောက်ပြီး ပြဿနာရှာနေကြ နောက်ပြီး သားမွေးထားတာကိုလည်းကျပ်မပြည့်တာဆိုပြီး အမြဲနှိမ်နေကြ ဦးလေးကတော့ သားကိုချစ်ဒါမျိုးမကြိုက်ဘူးပေါ့။ ကဲ ဒါမျိုးတကယ့်ဆရာတွေချည်းပဲ ဒီအိမ်မှာလာဆုံစည်းပြီး အမေနဲ့သမီးတွေကြားကပြဿနာ၊ ညီအစ်မတွေကြားကပြဿနာ၊ လင်မယားတွေကြားကပြဿနာ၊ သားအမိကြားကပြဿနာ၊မောင်နှမဝမ်းကွဲရဲ့ပြဿနာ စသဖြင့် မိသားစုပြဿနာပေါင်းစုံတက်ကြတာကိုကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

Genre: ,

Stars: , , , , ,

Crew: , , , , ,

Country: United States of America

Language: English

Studio: Jean Doumanian Productions, Smoke House Pictures, Battle Mountain Films, Yucaipa Films, The Weinstein Company

Runtime: 121 minutes

Quality: HD

Released: Dec 26, 2013

IMDb: 4.148