Virgin Rose

Virgin Rose

9 Views
ကျူးဘားနိုင်ငံမှာ အရက်ခိုးချက်တဲ့အမှုထက် လူကုန်ကူးတဲ့အမှုက ပိုများသတဲ့ဗျာ။ လူကုန်ကူးတယ်ဆိုတာ အမေရိကားကို အလုပ်သမားအဖြစ် သွားကြမယ့်သူတွေကို ခိုးသွင်းတဲ့အလုပ်တဲ့။ ဒါပေမဲ့လေ၊ ခရီးသည်တွေကို လှေဝမ်းထဲထည့်၊ လူသူမနီးတဲ့ ကျွန်းတစ်ခုပေါ်မှာ အမေရိကားရောက်ပြီပြောပြီး ဒီအတိုင်းထားခဲ့တာပဲဗျို့။ ကင်းလှည့်ယာဉ်တွေ၊ ငါးဖမ်းသင်္ဘောတွေ တွေ့လို့ကယ်ရင် အသက်ရှင်မယ်ပေါ့လေ။ အကယ်မခံရဘဲ သေကုန်ကြတာတွေလည်း ဒုနဲ့ဒေး။ဒီမှာ ဇာတ်လိုက်ကျော်နှစ်ပါး ဆင်မွန် နဲ့ အန်ဒရီ က ဒီလိုမျိုး လူကုန်ကူးနေတဲ့သူတွေ။ ဒါတင်မက တောသူမလေးတွေခေါ်လာ၊ အရောင်တင် လှပအောင်ပြင်ပေးပြီး လူချမ်းသာအဘိုးကြီးတွေဆီ လက်ထပ်ဖို့ ရောင်းစားတဲ့အလုပ်ပါလုပ်သေးတယ်။ ဆင်မွန် က တောသူမလေးတစ်ယောက် ဥထားတာရှိတယ်။ အလှဆုံးလေးပေါ့။ ဒီမှာ ဆင်မွန် တို့ လှေကို အမေရိကန်ကင်းလှည့်သင်္ဘောက လိုက်ပစ်လို့ မင်းသားချော အန်ဒရီ ဒဏ်ရာရသွားတယ်။ သူ့ကို အိမ်ခေါ်လာပြီး ကုပေးတော့ ဆင်မွန် ဥထားတဲ့ အလှပဂေး မာရီ နဲ့ အန်ဒရီနဲ့ ဆုံပါလေရော။ နောက်ဆုံး ဘာဖြစ်ကုန်ကြမလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ကြပေတော့ လူကြီးမင်းများ။

Runtime: 100 minutes

Quality: HD

Released: Feb 03, 2006

IMDb: 6.778

Keywords: