곡성

곡성

1625 Views
ရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့် သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်း အင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက် ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။ မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီး သူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။ သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့ မိသားစုဝင် လူသတ်သမားတစ်ယောက်။ အလားတူဖြစ်ရပ်မျိုးတွေဟာ သူတို့ရွာမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပါတော့တယ်။ ဆေးစစ်ချက်တွေအရနဲ့ဆရာဝန်တွေရဲ့ပြောကြားချက်အရဆိုရင်တော့ သူတို့ရွာမှာ အလေ့ကျပေါက်လေ့ရှိတဲ့ မှိုအမျိုးအစားတစ်ချို့ကို လူတစ်ချို့စားသုံးမိပြီး စိတ်ဖောက်ပြန်ကာ မိမိရဲ့မိသားစုဝင်တွေကို ရက်ရက်စက်စက်သတ်ဖြတ်ပစ်တယ်လို့ကောက်ချက်ချပစ်လိုက်ကြတယ်။

Genre: ,

Stars: , , , , ,

Crew: , , , , ,

Country: South Korea, United States of America

Language: 日本語, 한국어/조선말

Studio: Fox International Productions, Ivanhoe Pictures, Side Mirror, 20th Century Fox

Runtime: 156 minutes

Quality: HD

Released: May 12, 2016

IMDb: 3.7