He's All That

He's All That

1315 Views
ဒီဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရူရမယ့် လူငယ်အချစ်ကားလေးပဲဖြစ်ပါတယ် ပက်ဂျက်ဆိုတဲ့မိန်းကလေးက အွန်လိုင်းပေါ်မှာ အလှအပရေးရာတွေ၊ နေထိုင်မှုပုံစံတွေနဲ့ပက်သက်ပြီး အကြံပေးလို့နာမည်ကြီးတဲ့ဆယ်လီတစ်ယောက်ပါ တစ်နေ့ သူ့ရဲ့အဆိုတော်ရည်းစားရဲ့ရိုက်ကွင်းကို suprise သွားလုပ်တာကို liveလွှင့်ခဲ့ပါတယ် ရည်းစားကို အံ့ဩအောင်လုပ်ဖို့သွားမှ အခန်းထဲမှာ ဖောက်ပြန်နေတာမြင်ခဲ့ရပြီး နှာချေးတွဲလောင်းနဲ့ငိုယိုနေတဲ့ ပက်ဂျက်ရဲ့ပုံ အွန်လိုင်းမှာပြန့်သွားခဲ့ပါတယ် followerတွေကျသွားခဲ့ပြီး စပွန်ဆာတွေကလည်း ပက်ဂျက်ကိုစွန့်ခွာသွားပါတယ်အဲဒီအချိန်မှာ သူ့သူငယ်ချင်းနဲ့လောင်းကစားလုပ်ခဲ့ပါတယ် ကျောင်းကအရူံးသမားတစ်‌ယောက်ကို သူ ပုံစံပြောင်းပြမယ် ကပွဲမှာ ကျောင်းရဲ့kingဖြစ်စေရမယ်ပေါ့ ဒါဆို ပက်ဂျက်ရဲ့followerတွေလည်းပြန်တတ်လာပြီး စပွန်ဆာလည်းပြန်ရမယ်လို့ သူထင်ခဲ့ပါတယ် အဲဒီအရူံးသမားလေးကတော့ ကမ်မရွှန်ပါ ကမ်မရွှန်ကို ပက်ဂျက်ဘယ်လိုချဉ်းကပ်ပြီး အလန်းစားပုံစံပြောင်းပြမလဲ‌ လောင်းကစားတစ်ခုကြောင့်အစပြုခဲ့တဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်လာမလဲဆိုတာကြည့်ရူရမယ့် အချစ်ဇာတ်ကားကောင်းဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်

Runtime: 91 minutes

Quality: HD

Released: Aug 27, 2021

IMDb: 4.443