Honest Thief

Honest Thief

1655 Views
Tom ( Liam Neeson) ကပြည်နယ်၇ခုက ဘဏ်၁၂ခု ဆီကနေ ဒေါ်လာ၉မီလီယံကိုနှစ်အနည်းငယ်အတွင်းမှာခိုးယူခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ သူBostonကိုရောက်လာချိန်မှာတော့ ကျောင်းလခရဖို့အတွက်အလုပ်ကြိုးစားနေတဲ့လှပတဲ့ကောင်မလေးAnnieနဲ့တွေ့ဆုံခဲ့ပြီးတော့ တစ်နှစ်အကြာမှာသူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားခဲ့တယ်။Tomဟာ Annieနဲ့အတူရိုးရှင်းတဲ့ပုံမှန်ဘဝလေးကိုဖြတ်သန်းဖို့ဆန္ဒရှိခဲ့တာကြောင့် သူလုပ်ခဲ့တဲ့ပြစ်မှုတွေကိုရဲစခန်းမှာဖြောင့်ချက်ပေးဝန်ခံဖို့ဆုံးဖြတ်ခဲ့တယ်။ဒါကြောင့်မို့ သူခိုးခဲ့တဲ့ဒေါ်လာ၉မီလီယံကို FBIကိုအမည်မသိပြန်လည်ပို့ဆောင်ခဲ့ပြီး သူ့ပြစ်ဒဏ်လျော့ပေါ့ပေးခံရဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့FBI ကအေးဂျင့်နှစ်ယောက်ဖြစ်တဲ့ Jeffery နဲ့ Robertတို့ကTomကိုမယုံကြည်ခဲ့ဘူး။ အရင်တုန်းကလဲ အဲ့လိုဝန်ခံချင်ယောင်ဆောင်တဲ့ ရာဇဝတ်သားတွေရှိတဲ့အတွက်Tomနဲ့တွေ့ဖို့အတွက် ဟိုတယ်တစ်ခုမှာချိန်းဆိုခဲ့ကြတယ်။အဲ့မှာတော့မထင်မှတ်တဲ့ပြသာနာတစ်ခုဖြစ်ပွားခဲ့ပြီးတော့ Tomတစ်ယောက် လူသတ်တရားခံအဖြစ်စွဲချက်တင်ခံလိုက်ရပါတော့တယ်။ပြစ်မှုတွေရှင်းအောင်ကြိုးစားချင်တဲ့ Tomတစ်ယောက်သူလူမသတ်ခဲ့ကြောင်းကိုသက်သေပြပြီး တရားမျှတမှုရှာဖို့အတွက်အသည်းအသန်ကြိုးစားရပါတော့တယ်။

Genre: , ,

Stars: , , , , ,

Crew: , , , , ,

Country: United Kingdom, United States of America

Language: English

Studio: The Solution, Dreadnought Films, Zero Gravity Management, Argonaut Entertainment Partners, Honest Thief Productions, Ingenious Media, J Cubed Film Finance, Samuel Marshall Productions, Sprockefeller Pictures

Runtime: 99 minutes

Quality: HD

Released: Sep 03, 2020

IMDb: 4.497