छोरी

छोरी

15 Views
ဇာတ်လမ်းလှည့်ကွက်တွေနဲ့စိတ်ဝင်စားစရာကောင်းပြီး တကယ်လည်းကြောက်ဖို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကြောင်းအရာကတော့ ဟီမန့်နဲ့ဆာရှီဟာအရမ်းကိုချစ်ကြတဲ့လင်မယားနှစ်ယောက်ဖြစ်ပြီးတော့ ဆာရှီဟာလည်းကိုယ်ဝန်အရင့်အမာကြီးနဲ့ဖြစ်ပါတယ် တစ်ရက်မှာတော့ဆာရှီတို့အိမ်ကိုလူဆိုးတွေရောက်လာပြီး ဟီမန့်ရဲ့အကြွေးတွေကိုတစ်ရက်အတွင်းဆပ်ခိုင်းပါတယ်ပိုက်ဆံရှာဖို့မလွယ်ကူတဲ့ဆာရှီတို့လင်မယားလည်းဘေးကင်းဖို့အတွက်ရက်အနည်းငယ်လောက်တခြားတစ်နေရာကိုရှောင်နေဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒီလိုနဲ့သူတို့အိမ်မှာအလုပ်လုပ်နေတဲ့ဒရိုင်ဘာဦးလေးကြီးကာဂျာလာရဲ့ရွာကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့်ရွာကိုရောက်တဲ့အခါတကယ်ကိုလူသူပြတ်လတ်တဲ့နေရာကြီးမှာရှိနေတာဖြစ်တဲ့အပြင်တစ်နေ့တခြားဆာရှီတစ်ယောက်ထူးဆန်းတာတွေကိုပါကြုံတွေ့လာရတဲ့အခါမှာတော့ အဲ့ဒီရွာကြီးရဲ့လျှို့ဝှက်ချက်ကဘာဖြစ်မလဲ ဘယ်လိုထူးဆန်းတာတွေတည်ရှိနေတာလဲဆိုတာကို ခြောက်ခြားဖွယ်ကြည့်ရှုရမယ့် Horror ဇာတ်ကားကောင်းလေးဖြစ်ပါတယ်

Runtime: 129 minutes

Quality: HD

Released: Nov 26, 2021

IMDb: 5.2