Heart of the Gun

Heart of the Gun

4 Views
ဂျက်ထရီဗာဆိုတဲ့ အမေရိကန်တပ်သားတစ်ယောက်ကသူ့မိန်းမကိုရှာဖွေဖို့ တပ်ပြေးလုပ်ခဲ့ပါတယ်။ ဘယ်လောက်တောင်စိတ်နာလဲဆိုရင် တွေ့တာနဲ့သတ်ပစ်မယ်ဆိုပြီး ကြိမ်းဝါးထားပါသေးတယ်။ ဒီလိုနဲ့ အချိန်တော်တော်ကြာအောင်ရှာဖွေပြီးတဲ့နောက်မှာ လူအုပ်စုလိုက်ကြီး အသတ်ခံရတဲ့စခန်းဆီ ရောက်သွားပါတော့တယ်။ဆာရာ.. မသေဘဲနဲ့ကျန်ခဲ့တဲ့မိန်းကလေး… မျက်နှာမှာတော့ဓါးခြစ်ရာတွေကြောင့် ဒဏ်ရာရနေခဲ့တဲ့သူ။ ထရီဗာက ဆာရာကိုကယ်တင်ပေးခဲ့ပြီးတော့ နှစ်ယောက်အတူတူ အနောက်ပိုင်းကို ခရီးဆက်ခဲ့ပါတယ်။ ဆာရာကလည်း သူ့နေရာသူပြန်မယ်၊ထရီဗာကလည်း ရှာစရာရှိတာရှာမယ်ပေါ့။မထင်မှတ်ဘဲ သူတို့နှစ်ယောက်ရဲ့ပန်းတိုင်ကိုမရောက်ခင် ပြဿနာတွေက သူတို့ကိုအရင်လာရှာနေပါပြီ။ မသေဘဲကျန်ခဲ့တဲ့ ဆာရာနောက်ကို အင်ဒီးယန်းတွေလိုက်လာပြီးတော့ ထရီဗာနောက်ကိုလည်း တပ်ဘက်ကလိုက်လာခဲ့ပါတယ်။ ပြဿနာတွေတန်းစီနေပြီးတော့ ထရီဗာတစ်ယောက် ဆာရာကိုစောင့်ရှောက်နိုင်ပါ့မလား၊သူရှာနေတဲ့ သူအမျိုးသမီးနဲ့တွေ့နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။

Runtime: 95 minutes

Quality: HD

Released: Dec 01, 2021

IMDb: 5.2

Keywords: