くれなずめ

くれなずめ

4 Views
J drama ပရိသတ်တွေနဲ့မစိမ်းတဲ့ main leadတွေ အများကြီးပါဝင်ရိုက်ကူးထားတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းထဲမှာတော့ အထက်တန်းကျောင်းတည်းက အတူတူပေါင်းပြီး ဗရုတ်ကျလာခဲ့တဲ့ သူငယ်ချင်း၆ယောက်ရှိပါတယ်။သူတို့က ကျောင်းကပွဲနေ့မှာ လန်ကွတ်တီအနီတွေဝတ်ပြီး ကြယ်မိုးရွာတာကိုတားတဲ့အကကိုတက်ကကြတဲ့အထိ ဗရုတ်သုတ်ခနိုင်တဲ့ ငချွတ်တွေပါ။ ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့သူတို့၆ယောက်ရဲ့သံယောဇဉ်က ဘယ်တော့မှမပျက်နိုင်ကြဘူးလို့ ယုံကြည်ခဲ့ကြပါတယ်။ ကျောင်းပြီးတဲ့နောက် ၅နှစ်အကြာမှာ သူတို့သူငယ်ချင်းရဲ့မင်္ဂလာပွဲအတွက်ပြန်ဆုံဖို့ဖြစ်လာပါတယ်။ ဒီပွဲမှာလည်း အရင်လိုလန်ကွတ်တီဝတ်ပြိီးကကြဖို့စီစဉ်ထားတာပါ။ အဖွဲ့တောင့်ခဲ့တဲ့သူငယ်ချင်းတစ်စုဟာ အရင်နှစ်များလိုပဲ ဆက်လက်ရှိနေမယ်လို့ယုံကြည်ခဲ့ ကြတာကြောင့် အရှိတရားကိုပါလက်မခံနိုင်ကြတဲ့အထိပါပဲ။ တချို့သောလူတွေက ဘေးမှာမရှိတော့ပေမဲ့ သူတို့နဲ့အတူရှိခဲ့ဖူးတဲ့ ဆည်းဆာချိန်တွေကတော့ အရင်အတိုင်းဆက်ရှိပြီး လှပနေကြ သတိရနေရဦးမှာပါ။

Runtime: 96 minutes

Quality: HD

Released: Apr 29, 2021

IMDb: 3.2

Keywords: