Ghosts of the Ozarks

Ghosts of the Ozarks

29 Views
ဒီတစ်ခါ တင်ဆက်ပေးထားတဲ့ဇာတ်ကားကတော့ လျှို့ဝှက်သည်းဖိုကြည့်ရှုရမဲ့ “Ghosts of the Ozarks”လို့ခေါ်တဲ့ အင်္ဂလိပ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျိမ်းစ်လို့ခေါ်တဲ့ဆရာဝန်တစ်ယောက်ဟာ ဦးလေးဖြစ်သူရဲ့ခေါ်ဆိုမှုကြောင့် မြို့လေးတစ်မြို့ကိုရောက်လာရပါတယ်။ ဦးလေးဟာ သူ့ကို မြို့မှာဆရာဝန်တစ်ယောက်အနေနှင့် အားကိုးချင်သည့်အတွက် ခေါ်လိုက်ခြင်းဖြစ်တယ်။ ဒါပေမဲ့လည်း မြို့လေးဟာ သာမန်မြို့တစ်မြို့မဟုတ်ဘဲ ထိတ်လန့်ဖွယ်ရာတွေ၊ လျှို့ဝှက်ဆန်းကြယ်တည်ရှိမှုတွေနဲ့ ဖြစ်တည်နေတာကို သူဟာ သိရှိလိုက်ရပါတယ်။ အဲ့ဒီနောက် ဂျိမ်းစ်ဟာ မျှော်လင့်မထားတဲ့လျှို့ဝှက်ချက်တွေကိုပါသိရှိလိုက်ရတဲ့အခါမှာတော့ ကြုံတွေ့လာရတဲ့အန္တရာယ်တွေကို သူ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲ၊ မြို့မှာကျရောက်လာတဲ့အန္တရာယ်တွေကိုရော တားဆီးနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပါ။လျှို့ဝှက်ဆန်းကြယ်၊ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်လည်း အကြိုက်တွေ့စေမဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါ။

Runtime: 100 minutes

Quality: HD

Released: Feb 04, 2022

IMDb: 5.328

Keywords: