Root Letter

Root Letter

4 Views
ကာလို့စ်ဆိုတဲ့ကောင်လေးနဲ့ ဆာရာဆိုတဲ့ကောင်မလေးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ မြင်လဲမြင်၊ တွေ့လဲမတွေ့ဖူးဘဲနဲ့ စာလေးတွေကနေတဆင့် ခင်မင်ရင်းနှီးသိကျွမ်းဝင်နေကြတဲ့ စာရေးဖော် သူငယ်ချင်းနှစ်ယောက်ပါ။ တစ်နေ့မှာတော့ ဆာရာတစ်ယောက် ကာလို့စ် ပို့တဲ့စာတွေကိုလဲပြန်မဖြေတော့သလို သူကိုယ်တိုင်လဲစာအသစ်တွေမပို့ တော့တဲ့အတွက် ကာလို့စ်တစ်ယောက် ဆာရာနဲ့အဆက်အသွယ်ပြတ်ခဲ့ ရပါတယ်။ အဲ့လိုနဲ့ အချိန်တစ်နှစ်လောက်အကြာမှာ ကာလို့စ်ဆီကို ဆာရာ့ဆီကနေ စာတစ်စောင်ပြန်ရောက်လာခဲ့ပါတယ်။ စာထဲမှာ ဆာရာက သူလူတစ်ယောက် ကိုသတ်လိုက်မိတဲ့အကြောင်းရေးထားတာကိုတွေ့လိုက်ရတဲ့အခါမှာ ဆာရာ ဘယ်သူ့ကိုသတ်လိုက်မိတာလဲ၊ ဘာကြောင့်သတ်ခဲ့မိတာလဲ၊ တစ်နှစ်လုံးလုံး ဆာရာတစ်ယောက်အစအနပျောက်နေခဲ့ပြီးတော့ အခုကျတော့မှ ကာလို့စ်ဆီ ကိုစာပြန်ပို့ရတာလဲ၊ ကာလို့စ် ဒီမေးခွန်းတွေကို ဘယ်ကနေဘယ်လိုအဖြေရှာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ပဲ ဆက်လက်ရှာဖွေလိုက်ကြပါဦးလို့၊

Runtime: 87 minutes

Quality: HD

Released: Sep 01, 2022

IMDb: 5.8