Shrinking

Shrinking

260 Views
ဂျင်မီဆိုတဲ့လူက စိတ်ကုထုံးပညာရှင်တစ်​ယောက်ပါ။ လူနာ​တွေရဲ့ မပဋာ​မြေလူးတာထက်ဆိုးတဲ့ ​အပူ​တွေကိုခံနိုင်တဲ့ ခန္တီစပါရမီ Limit ပျက်​နေတဲ့ကုထုံးဆရာပေါ့။ ပျက်ဆိုလည်း သူကိုယ်၌ကိုက မိသားစုရဲ့အပူ​တွေ ရင်ထဲရှိ​နေတာကိုး။ ဒီလိုနဲ့ လူနာ​တွေကို သည်းညည်းမခံနိုင်​တော့တဲ့ ဂျင်မီတစ်​ယောက် ကုထုံးဆရာ​ရဲ့ ကျင့်ဝတ်​နဲ့မညီတဲ့လုပ်ရပ်​တွေ စလုပ်ပါ​တော့တယ်။ ဥပမာ – လူနာတစ်​ယောက်က အိမ်​ထောင်​ရေးအဆင်မ​ပြေဘူးဆိုပါစို့။ ကုထုံးဆရာရဲ့အလုပ်က ပုံမှန်ဆို သူ​ပြောတာနား​ထောင်၊ နှစ်ဖက်စလုံးကို ညှိယူဖို့ ပြောပေးရတာပေါ့။ ဒါ​ပေမဲ့ အိမ်​ထောင်​ရေးအဆင်မ​ပြေတဲ့ လင်မယား​တွေဆို ကွာရှင်းခိုင်းတယ်။ စစ်ပွဲကရခဲ့တဲ့ စိတ်ဒဏ်ရာ​တွေ​ကြောင့် ​ဒေါသ​တွေကြီး ရန်​ပွဲ​တွေများနေတဲ့ စစ်ပြန်စစ်သားကို ​ဒေါသထိန်းဖို့ တရားထိုင်ဖို့ သူမတိုက်တွန်းပါဘူး။ MMA လက်​ဝှေ့သမား​တွေနဲ့ ထိုးခိုင်းပါတယ်။ ကိုင်တွယ်​ဖြေရှင်းပုံက ကျင့်ဝတ်​ရေးရာအရကြည့်လိုက်ရင် အ​တော်လွဲ​မှားနေ​ပေမယ့် ​ထွက်လာတဲ့ရလဒ်​တွေက ​အ​တော်​ ​ကောင်း​နေပြန်​ရော။ ဒီ​လိုနဲ့ပဲ ကုထုံးဆရာကြီးဂျင်မီအ​နေနဲ့ သူ့ရဲ့နည်းလမ်းအမှား​တွေကိုပဲ သုံးရင်း၊ ရလဒ်​​တွေ​ကောင်း​နေရင်း အလွဲလွဲအမှားမှားဖြစ်နေပုံ​တွေကို

Genre:

Stars: , , , ,

Crew:

Country: US

Studio: Apple TV+

Runtime: 26:14 minutes

Quality: HD

First air date: Jan 26, 2023

Last air date: Mar 23, 2023

Episode: 22 Episode

Season: 2 Season

IMDb: 3.179